နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။
အသုံးပြုသော သတ္တုအမျိုးအစား
အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။ ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။
နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။





