December 22, 2012

နျူကလိယဗုံး ပေါက်ကွဲခြင်း ဟူသည်



နျူကလိယဗုံး ပေါက်ကွဲတာထက် သူ့ကိုဘာနဲ့ လုပ်တယ်ဆိုတာ အရင် လေ့လာ ရပါမယ်။ 

အသုံးပြုသော သတ္တုအမျိုးအစား 

အဓိက အသုံးပြုတဲ့ ပစ္စည်းကတော့ ပလူတိုနီယံ သတ္တု နဲ့ ယူရေနီယမ် ဖြစ် ပါတယ်။ ပလူတိုနီယမ်မှာ ထူးခြားချက် နှစ်ခုက ရေဒီယို ဓာတ်ကြွခြင်း ဓာတုဓာတ်ပြုခြင်း ဖြစ်ပါတယ်။ ယူရေနီယမ်ကတော့ ရေဒီယို ဓာတ်ကြွမှု နည်းပေမယ့် ကျန်တာကတော့ တူပါတယ်။ ယင်း အချက်နှစ်ချက်ကြောင့် ပဲ နျူကလိယဗုံးအတွက် အသုံးပြု ရတာ ဖြစ် ပါတယ်။ ပလူတိုနီယမ် တစ်ခုတည်းကိုပဲ အသုံးပြုလို့ မရပါဘူး။ အလိုလိုနေရင်းနဲ့ကို ယခုလို ဓာတ်ကြွပြီး ဓာတ်ပြုချင်နေတဲ့အတွက် ပတ်ပတ်လည်မှာ ကာရန်ပေးထား၊ ကာကွယ်ပေးထားရတဲ့ အခြားသော သတ္တုများလည်း ရှိနေပါသေးတယ်။ ပလူတိုနီမ်-239 ဆိုတာကလည်း ယူရေနီယမ်ကနေ ပြန်လည် ဓာတ်ခွဲယူထားတာ ဖြစ်ပါတယ်။

နျူကလိယဗုံးလို့ခေါ်ရတဲ့ အကြောင်းအရင်းတော့ နျူကလိယဓာတ်ပြုခြင်း လုပ်ဆောင်ချက်ကို လုပ်လို့ ဖြစ်ပါတယ်။ နျူလိကယ ဓာတ်ပြုမှု အက်တမ် တစ်ခုရဲ့  အလယ်ဗဟိုက နျူကလိယနဲ့ အခြား အက်တမ်များရဲ့  အလယ်ဗဟို က နျူကလိယတို့ ပွတ်တိုက်ပြီး နောက်ထပ် နျူကလိယတွေ၊ အက်တမ်တွေ ဆက်တိုက်မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ယင်း ဖြစ်စဉ်က တော်တော်လေး ကို မြန်ဆန်ပါတယ်။ ဒါကြောင့် သူ့ကို အက်တမ်ဗုံး (Atomic bomb) လို့လည်း ခေါ်ပါတယ်။

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား




ကမ္ဘာ့သေကြောင်းကြံမှု အများဆုံးနေရာ ကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။ 



အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။ 

အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇ ယောက်နှုန်း ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။ ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်



ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။ 

ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ် သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေး အုပ်စုအုပ်စု ပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်း ပိုင်ရှင်လည်း ဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

December 21, 2012

အခြားစင်္ကြာဝဠာများမှာ လူသားများရှိပါသလား




နေ-လ-ကမ္ဘာ-နတ္ခက်တာရာအစုံ တစ်စုံကို စင်္ကြာဝဠာတစ်ခု(သို့) စူဠလောကဓာတ်တစ်ခုဟု သတ်မှတ်ပါသည်။

ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စင်္ကြာဝဠာအရေအတွက်ကား ကုဋေပေါင်း တစ်သိန်းတိတိရှိပါတယ်။ အဲဒီ အတူတူဖြစ် အတူတူတည် အတူတူပျက်တဲ့ စင်္ကြာဝဠာ ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ သတ်မှတ်ပါတယ်။

ကုဋေပေါင်းတစ်သိန်းရှိတဲ့ မဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုကလေးတွေ စုပြီးတော့ အုပ်စုထပ်ခွဲပါတယ်။ အဲဒီတစ်သောင်းအုပ်စုကလေးတွေကိုတော့ မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။

မဇ္ဈိမလောကဓါတ်ကို စင်္ကြာဝဠာ(သို့)စူဠလောကဓါတ် တစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုက လည်ရင်(သို့)တုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစင်္ကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလဲ လိုက်ပြီးတော့ လည်(သို့)တုန်လှုပ်ပါတယ်။

(စူဠလောကဓါတ် ၁၀၀၀၀=မဇ္ဖိုမလောကဓါတ် ,
မဇ္စိုမလောကဓါတ်၁၀ ကုဋေ=မဟာလောကဓါတ်,
မဟာလောကဓါတ်=ဖြစ်တူတည်တူပျက်တူ စင်္ကြာဝဠာ)

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်


နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်
နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်း အားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာ ရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ကြောင်း အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။
ပိုးသတ်ဆေး အသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ စားသုံး ခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ် ကင်ဆာများကို သာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်း ကင်ဆာနှင့် အဆုတ်ကင်ဆာ များအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံး ခြင်းဖြင့် ယင်းရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရသည်။
နေ့စဉ် နို့တစ်ခွက် ပုံမှန် သောက်သုံးခြင်း အားဖြင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏရဲ့ သုံးပုံ တစ်ပုံကို ဖြည့်ဆည်း ပေးနိုင်ပါတယ်ဟု အာဟာရ ဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွား နိုင်ပြီး ပရိုတင်း ဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။


စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်



စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်
စပျစ်သီးဟာ အရသာ ခံပြီးစားဖို့ တစ်ခုတည်း အတွက်သာ အသုံးဝင်တာ မဟုတ်ပါဘူး။
John Hopkins University မှ သုတေသန ပညာရှင်တွေဟာ စပျစ်မှုန့်ကို အဆစ်ရောင် နေတဲ့ ကြွက်တွေမှာ စမ်းသပ် ကြည့်ပါတယ်။ ဒီကြွက်တွေဟာ အာနိသင် မပါတဲ့ဆေး (Placebo) ပေးထားတဲ့ ကြွက်တွေ ထက်စာရင် နာကျင်မှုနဲ့ ပတ်သက်တဲ့ လက္ခဏာတွေ နည်းနည်းပဲ ပြတော့တာကို တွေ့ရပါတယ်။ လူနာတွေကို အကိုက်အခဲ ပျောက်ဆေး တစ်မျိုးတည်းပဲ ပေးတာ ထက်စာရင် ဆေးကို စပျစ်မှုန့်နဲ့ တွဲပေးတာက လူနာအတွက် ပိုထိရောက်မှု ရှိတာကို တွေ့ရပါတယ်။ လောလော ဆယ်မှာတော့ ကျန်းမာရေးနဲ့ မသင့်တော်မယ့် အဆင်သင့် အမြန်စာတွေ စားနေမယ့် အစား စပျစ်သီးလေး မြုံ့နေတာက ပိုအကျိုး ရှိပါတယ်။